Posts

Showing posts from October, 2020
  ဟစ်တလာ ဒုတိယကမ္ဘာစစ်ကြီးကိုဖန်တီးခဲ့သူ၊ ဂျူးလူမျိုးတို့၏ဘုံရန်သူ၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ ဘုံရန်သူ၊ နာဇီပါတီဝင်တို့၏ ဖခင်ကြီး ခေတ်သစ်ဂျာမနီပြည်ကြီး၏ ခေါင်းဆောင်ကြီး၊ တစ်ကမ္ဘာလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သော အာဏာရှင်ဟု အမျိုးမျိုး မှတ်တမ်းတင်ခဲ့ရသော ပုဂ္ဂိုလ်ကြီး ဟစ်တလာ၏ နာမည်အပြည့်အစုံမှာ "အားဒေါလ်ဖ် ဟစ်တလာ" (Adolf Hitler) ဖြစ်သည်။ ဟစ်တလာကို ဩစတြီးယားပြည်နှင့် ဘာဗေးရီးယား ပြည်နယ်စပ်ရှိ အင်းမြစ်နံဘေး ဘရောနှောမြို့ကလေးတွင် ဖခင် အလွိုက်ဟစ်တလာနှင့် မိခင် ကလာရာပေါဇ်လ်တို့မှ ၁၈၈၉ခုနှစ်၊ ဧပြီလ ၂ဝ ရက်၊ ညနေ၌ မွေးဖွားခဲ့ပါသည်။ အမျိုးအနွယ်မှာ မထင်မရှားမျှသာ ဆို။ ဟစ်တလာ၏ဖခင်မှာ လုပ်ငန်းများ အတည်တကျမရှိသဖြင့် အမြို့မြို့အနယ်နယ် ပြောင်းရွှေ့ရင်း လိုက်ပါနေထိုင်ခဲ့ကြရသည်။ ရောက်ရာအရပ်တွင် ဟစ်တလာမှာ မူလတန်းပညာကို သင်ယူခဲ့ရသည်။ ၁၉ဝဝ ပြည်နှစ်တွင် လင့်ဇ်မြို့မှ ရီးရဲအလယ်တန်းကျောင်းတွင် အလယ်တန်းပညာကို ဆက်လက်သင်ကြားခဲ့သည်။ ၁၉ဝ၃ ခုနှစ်တွင် ဟစ်တလာ၏ဖခင် အလွိုက်ကွယ်လွန်သွားခဲ့သည်။ ထို့နောက် ဟစ်တလာမှာ ကျောင်းနေခွင့်မရတော့။ ဘဝရပ်တည်ရေးကို ခက်ခဲပင်ပန်းစွာ ရပ်တည်ခဲ့ရသည်ဆို၏။ ထိုမှတဖန် မိခင်ဖြစ်သူအလိုကျ ကက...
  ခင်ပွန်းကြီးဆယ်ပါး အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည် ခင်ပွန်းကြီးဆယ်ပါးဆိုသည်မှာ- ဗုဒ္ဓ - သဗ္ဗညုတ မြတ်စွာဘုရားရှင် ပစ္စေကဗုဒ္ဓါ  - ပစ္စေကဗုဒ္ဓါ ဘုရားငယ်များ အဂ္ဂသာဝက၊ မဟာသာဝက - မြတ်ဗုဒ္ဓ၏ တပည့်သာဝကများ ရဟန္တာ  - အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာ အရှင်မြတ်ကြီးများ မာတာ - မွေးသမိခင် ပီတု - မွေးသဖခင် အာစရိယ - မြတ်ဆရာသမား ဝုဒ္ဓါ - သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံသောပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်၊ မိမိထက်သိကာအရွယ်ကြီးများသူ ဓမ္မကထိက - ဆရာ (ဓမ္မ တို့ကိုဆုံးမတတ်သောဆရာသမားများ) ဟိတကရ - ထမင်းတစ်လုတ် ရေတစ်မှုတ် စသည်ကိုပေးကမ်းချီးမြှင့်ထောက်ပံ့ဘူးသော မိမိကို ကိုယ်၊ နှုတ်၊ နှလုံးဖြင့်ကျေးဇူးပြုဘူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်များ ကိုဆိုပါသည်။ ခင်ပွန်းကြီးဆယ်ပါးကန်တော့နည်း [ ပြင်ဆင်ရန် ]  ဗုဒ္ဓါ ပစ္စေကဗုဒ္ဓေါစ၊ အရဟာ အဂ္ဂသာ၀ကာ။ မာတာပိတု ဂုရုသတ္တာ၊ ဓမ္မဒေသကာ စဒါယကာ။ ဣမေ တေစ မဟာဂုဏေ၊ အဟံ၀န္ဒာမိ သဗ္ဗဒါ။ ။ ဘုရားတပည့်တော်သည် သံသရာအစမှ စ၍ ယနေ့တိုင်အောင် ၁။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌ ၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော...