Posts

  ဟစ်တလာ ဒုတိယကမ္ဘာစစ်ကြီးကိုဖန်တီးခဲ့သူ၊ ဂျူးလူမျိုးတို့၏ဘုံရန်သူ၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ ဘုံရန်သူ၊ နာဇီပါတီဝင်တို့၏ ဖခင်ကြီး ခေတ်သစ်ဂျာမနီပြည်ကြီး၏ ခေါင်းဆောင်ကြီး၊ တစ်ကမ္ဘာလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သော အာဏာရှင်ဟု အမျိုးမျိုး မှတ်တမ်းတင်ခဲ့ရသော ပုဂ္ဂိုလ်ကြီး ဟစ်တလာ၏ နာမည်အပြည့်အစုံမှာ "အားဒေါလ်ဖ် ဟစ်တလာ" (Adolf Hitler) ဖြစ်သည်။ ဟစ်တလာကို ဩစတြီးယားပြည်နှင့် ဘာဗေးရီးယား ပြည်နယ်စပ်ရှိ အင်းမြစ်နံဘေး ဘရောနှောမြို့ကလေးတွင် ဖခင် အလွိုက်ဟစ်တလာနှင့် မိခင် ကလာရာပေါဇ်လ်တို့မှ ၁၈၈၉ခုနှစ်၊ ဧပြီလ ၂ဝ ရက်၊ ညနေ၌ မွေးဖွားခဲ့ပါသည်။ အမျိုးအနွယ်မှာ မထင်မရှားမျှသာ ဆို။ ဟစ်တလာ၏ဖခင်မှာ လုပ်ငန်းများ အတည်တကျမရှိသဖြင့် အမြို့မြို့အနယ်နယ် ပြောင်းရွှေ့ရင်း လိုက်ပါနေထိုင်ခဲ့ကြရသည်။ ရောက်ရာအရပ်တွင် ဟစ်တလာမှာ မူလတန်းပညာကို သင်ယူခဲ့ရသည်။ ၁၉ဝဝ ပြည်နှစ်တွင် လင့်ဇ်မြို့မှ ရီးရဲအလယ်တန်းကျောင်းတွင် အလယ်တန်းပညာကို ဆက်လက်သင်ကြားခဲ့သည်။ ၁၉ဝ၃ ခုနှစ်တွင် ဟစ်တလာ၏ဖခင် အလွိုက်ကွယ်လွန်သွားခဲ့သည်။ ထို့နောက် ဟစ်တလာမှာ ကျောင်းနေခွင့်မရတော့။ ဘဝရပ်တည်ရေးကို ခက်ခဲပင်ပန်းစွာ ရပ်တည်ခဲ့ရသည်ဆို၏။ ထိုမှတဖန် မိခင်ဖြစ်သူအလိုကျ ကက...
  ခင်ပွန်းကြီးဆယ်ပါး အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည် ခင်ပွန်းကြီးဆယ်ပါးဆိုသည်မှာ- ဗုဒ္ဓ - သဗ္ဗညုတ မြတ်စွာဘုရားရှင် ပစ္စေကဗုဒ္ဓါ  - ပစ္စေကဗုဒ္ဓါ ဘုရားငယ်များ အဂ္ဂသာဝက၊ မဟာသာဝက - မြတ်ဗုဒ္ဓ၏ တပည့်သာဝကများ ရဟန္တာ  - အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာ အရှင်မြတ်ကြီးများ မာတာ - မွေးသမိခင် ပီတု - မွေးသဖခင် အာစရိယ - မြတ်ဆရာသမား ဝုဒ္ဓါ - သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံသောပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်၊ မိမိထက်သိကာအရွယ်ကြီးများသူ ဓမ္မကထိက - ဆရာ (ဓမ္မ တို့ကိုဆုံးမတတ်သောဆရာသမားများ) ဟိတကရ - ထမင်းတစ်လုတ် ရေတစ်မှုတ် စသည်ကိုပေးကမ်းချီးမြှင့်ထောက်ပံ့ဘူးသော မိမိကို ကိုယ်၊ နှုတ်၊ နှလုံးဖြင့်ကျေးဇူးပြုဘူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်များ ကိုဆိုပါသည်။ ခင်ပွန်းကြီးဆယ်ပါးကန်တော့နည်း [ ပြင်ဆင်ရန် ]  ဗုဒ္ဓါ ပစ္စေကဗုဒ္ဓေါစ၊ အရဟာ အဂ္ဂသာ၀ကာ။ မာတာပိတု ဂုရုသတ္တာ၊ ဓမ္မဒေသကာ စဒါယကာ။ ဣမေ တေစ မဟာဂုဏေ၊ အဟံ၀န္ဒာမိ သဗ္ဗဒါ။ ။ ဘုရားတပည့်တော်သည် သံသရာအစမှ စ၍ ယနေ့တိုင်အောင် ၁။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌ ၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော...
  https://www.mediafire.com/file/wqawkeq2h3bp534/%25E1%2580%258A%25E1%2580%25AD%25E1%2580%25B3%25E1%2580%25BB%25E1%2580%2599-%25E1%2580%2580%25E1%2580%25AF%25E1%2580%2594%25E1%2580%25B9%25E1%2580%25B8%25E1%2580%25B1%25E1%2580%2598%25E1%2580%25AC%25E1%2580%2584%25E1%2580%25B9%25E1%2580%259B%25E1%2580%25BD%25E1%2580%25AC%25E1%2580%2595%25E1%2580%25B6%25E1%2580%25AF%25E1%2580%25B1%25E1%2580%2590%25E1%2580%25AC%25E1%2580%25B9.pdf/file

ရန်ကင်းတောင် (ငါးရံ့မင်းတောင်)

  ရန်ကင်းတောင်  ရန်ကင်းတောင် သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၏ အရှေ့ဘက်၊ (၅)မိုင်ခန့်အရပ်၊ မန္တလေးမြို့ရိုး၊ ဦးထိပ်တံတားမှသည် အရှေ့ဘက် (၄)မိုင်အကွာ ပုသိမ်ကြီးမြို့နယ် ၏ အလယ်တွင် တည်ရှိသော တောင်တစ်တောင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀-ကျော်အခါကပင် (ငါးရံ့မင်းတောင်) (ရန်ကင်းတောင်)ဟူသော အမည်ထူး (၂)ရပ် တွဲစပ်၍ ရရှိခဲ့လေသည်။ ဤအမည်ထူး နှစ်ရပ် တွဲစပ်ဖြစ်ပေါ်လာရခြင်းမှာ ဂေါတမ ဘုရားအလောင်းဘဝ နုစဉ်ကာလ ပါရမီတော်များ ဖြည့်ကျင့်တော်မူစဉ် (ငါးရံ့မင်းဘဝ) ဧရာဝတီမြစ်ရိုး၌ ဆွေတော်မျိုးတော် ငါးအပေါင်းနှင့် စံပျော်နေစဉ် တံငါသည်၏ ကွန်ချက်အတွင်း သက်ဆင်းခဲ့ရသည်။ တံငါသည်သည် ငါးမင်းခန္ဓာကိုယ်အား ဓားနှင့်မွှန်း၍ ဆားသိပ်နယ်ခြင်းကို ခံရသဖြင့် နာကျင်ခံ ခက်လှသော ဝေဒနာကို ခံစားရပြီး ငါးမင်းသေပြီအထင်နှင့် တောင်ကမူတစ်ခုပေါ်တွင် နေလှမ်း၍ အခြောက်ခံထားစဉ် ခုန်ချထွက်ပြေး ကူးခတ်လာရပြီး ဤတောင်တော်ရောက်မှ ဘေးရန်များ ကင်းဝေးခဲ့သဖြင့် ရန်ကင်းတောင်ဟု အမည်တွင်ခဲ့ပြီး ငါးရံ့မင်းဘဝ၌ ခိုလှုံရသောကြောင့် ငါးရံ့မင်းတောင်ဟုလည်း ခေါ်ဝေါ်ကြလေသည်။ အလောင်းတော် ငါးမင်းဖြစ်စဉ်က ဓားနှင့်မွှန်းသောနေရာအနီး တောင်ငယ်ကို ဓားမွှန်...

မန္တလေးတောင်

 မန္တလေးတောင် သည် မန္တလေးမြို့၏ မြောက်ဘက်တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်မှ ၂၃၀ မီတာ မြင့်သည်။ မန္တလေးတောင်ထိပ်သည် ပင်လယ်ပြင်မှအထက် ပေပေါင်း ၇၇၆-ပေ၊ တောင်ခြေမြေပြင်မှ ပေပေါင်း ၅၀၀ ကျော်မြင့်သည်။  မန္တလေးတောင်ကို အဝေးမှ မြင်ရပုံ စေတီပုထိုးပေါင်း များစွာ တည်ထားသည်။ မန္တလေးတောင်သည် မန္တလေးမြို့ကို အပေါ်မှ စီးပိုးအုပ်မိုးထားသကဲ့သို့ ရှိပေရာ၊ မန္တလေးတောင်ပေါ်မှနေ၍ ကြည့်သော်နန်းမြို့ရိုး၊ ကျုံးနှင့်တစ်ကွ မန္တလေးမြို့၏ ရှုခင်းကို ကောင်းမွန်စွာမြင်တွေ့ရပေသည်။ တောင်ထိပ်တွင် ဆုတောင်းပြည့် မြတ်စွာဘုရား တည်ရှိသည်။ တောင်ပေါ်သို့ လှေကား (၄) ဆင်းမှ တက်ရောက်ဖူးမျှော်နိုင်သည်။ လှေကားများမှ တောင်ဘက်၊ အရှေ့တောင်ဘက်၊ အနောက်ဘက် နှင့် မြောက်ဘက် တွင်ရှိသည်။ ကားလမ်းလည်း ဖောက်ထားသလို ကားရပ်ထားသောနေရာမှာ ဘုရားပေါ်သို့ တက်ရောက်ရန် ဓာတ်လှေကား၊ စက်လှေကား များတပ်ဆင်ထားသည်။ နာမည်ဖြစ်ပေါ်လာပုံ ကကုသံဘုရားရှင် လက်ထက်က ခီဏာသဝပူရတောင် ဟုခေါ်သည်။ ကောဏာဂုံဘုရားရှင် လက်ထက်က ဝေလာမပူရတောင် ဟုခေါ်သည်။ ကဿပဘုရားရှင်လက်ထက်တော်က ပါဒဿပူရတောင် ဟုခေါ်သည်။ ဂေါတမဘုရားရှင်တော် လက်ထက်၌ မဏ္ဍလတောင် ဟုခေါ်ကြသည်။ မန္တလေးတောင်သမို...

နန်းမတော်မယ်နု

ယ်နု (၁၇၈၄ - ၁၈၄၀) သည် ဘကြီးတော် (စစ်ကိုင်းမင်း) လက်ထက် မိဖုရားခေါင်ကြီးအရာဖြင့် အင်းဝထီးနန်းတွင် တန်ခိုးထက်ခဲ့သူ ဖြစ်သည်။ နန်းမတော်မယ်နု ဟူသော ဝေါဟာရကို အလွန်ငြိမ်သိမ် နုနယ်သော မိန်းမငယ်အား ဥပစာစကားအဖြစ် သုံးသည်။ မာတိကာ ၁ ငယ်ဘဝ ၂ နန်းတွင်းသို့ ရောက်ခြင်း ၃ သမီးရတနာ ၄ ကုသိုလ်တော်များ ၅ ဘဝနိဂုံး ၅.၁ သူ့ကျွေးရှိက ဆပ်ရမည် ၆ အခြေမှတ်စု ၇ ကိုးကား ငယ်ဘဝ ထောင်သင်းမှူး [fn ၁] သီဟကျော်စွာ (ဦးလှုပ်) နှင့် အမိ ဒေါ်ငယ် တို့မှ အင်းဝရွှေနန်း အနောက်ဘက်ရှိ "အတွင်းစံရာ" အရပ်၌ ၁၁၄၆ ခု၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ အင်္ဂါနေ့တွင် မွေးသည်။ ဗဒုံမင်းက အင်းဝမှ အမရပူရသို့ ၁၁၄၅ ခု၊ နယုန်လဆန်း ၁၂ ရက်၊ တနင်္လာနေ့တွင် နန်းရွေ့ရာ အမရပူရ မြောက်ပြင်၌ ပြောင်းနေကြသည်။ သမီးငယ်အား ဆွေမျိုးမိတ်သဟာများကို ဖိတ်၍ အမည်တောင်းရာ ကြင်အင်ထူးကဲခြင်း၊ ကိုယ်သားကိုယ်ရေ ပြေပြစ်ခြင်း၊ အနေအထိုင် နုနယ်ခြင်းတို့ကြောင်း ဘကြီးဖြစ်သူ အသည်ဝန်ကြီး မဟာကျော်ထင် (ဦးလွန်) က မယ်နု ဟု မှည့်ခေါ်စေသည်။ အစ်ကိုဖြစ်သူမှာ နောင် စလင်းမင်းသားဖြစ်လာမည့် မောင်အို ဖြစ်သည်။ ပရိတ်ကြီး၊ လောကနီတိ၊ ပုဏ္ဏောဝါဒ စသည့် ဆုံးမစာအမျိုးမျိုးနှင့် ဇာတ်က...