ဂေါ်ရန်ဂျီကျွန်း သမိုင်းကြောင်းဗဟုသုတနှင့် ခရီးသွားလမ်းညွှန်
ဂေါ်ရန်ဂျီကျွန်း သမိုင်းကြောင်းဗဟုသုတနှင့် ခရီးသွားလမ်းညွှ န် အားလုံးကြားဖူးနေတဲ့ ပြောနေကြတဲ့ အခေါ်အဝေါ်က ဂေါ်ရန်ဂျီ ပါ။ တစ်ကယ်တမ်းလည်း ဂေါ်ရန်ဂျီ လို့ပဲ ရေးပြီး အဲဒီလိုပဲ ခေါ်ကြတာပါပဲ။ အဲဒီကျွန်းကြီးပေါ်မှာ ဟိုလွန်ခဲ့တဲ့ အချိန်က ကိုရင်ကြီးတစ်ပါး သီတင်းသုံးခဲ့ပါတယ်။ ကိုရင်ကြီးနေခဲ့တဲ့ ကျွန်းဖြစ်တာကြောင့် ကိုရင်ကြီးကျွန်း လို့ အရင်ကခေါ်ခဲ့တာပေါ့။ အဲဒီကနေ ကာလရွေ့လျောပြီး ကိုရင်ကြီးကျွန်း လို့ခေါ်ခဲ့တာကနေ ဂေါ်ရန်ဂျီ လို့ ဖြစ်လာခဲ့ပါတယ်။ ဒေသခံ တွေကို မေးကြည့်ရင် အဲဒီအဖြေရပါလိမ့်မယ်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင်၊ ငရုတ်ကောင်းမြို့နယ်ထဲမှာရှိတဲ့ ဂိုရန်ဂျီကျွန်းဟာ ၂၀၁၄-၁၅ ခုနှစ်လောက် မှာ မီဒီယာတွေတဆင့် လူသိများလာခဲ့ပါတယ်။ ဧည်သည်အဝင်ရှိလာပြီး ၂၀၁၆ သင်္ကြန်မှာ ဆောက်ထားတဲ့ ဘန်ဂလိုတွေ အပြည့်တင်မက သောင်ခြေမှာ ရွက်ဖျင်တဲထိုးပေးရလောက်တဲ့အထိ ဝန်ဆောင်မှုတွေပေးခဲ့ရပါတယ်။ အခုနောက်ပိုင်းဆို မင်္ဂလာဆောင်ဓာတ်ပုံတွေ တကူးတက လာရိုက်ကြတဲ့အထိ လူစိတ်ဝင်စားခံလာရပါပြီ။ ဧည့်သည်အဝင်နဲ့ ဘန်ဂလိုမမျှတာကြောင့် ရွာထဲက အိမ်တွေမှာ တစ်ညတစ်သောင်းပေးပြီး တည်းခိုကြ ရပါတယ်။ အခုနှစ်ပွင့်လင်းရာသီချိန်မှာ ဧည့်သည်တွေပြုံပ...
Comments
Post a Comment