နန်းမတော်မယ်နု
ယ်နု (၁၇၈၄ - ၁၈၄၀) သည် ဘကြီးတော် (စစ်ကိုင်းမင်း) လက်ထက် မိဖုရားခေါင်ကြီးအရာဖြင့် အင်းဝထီးနန်းတွင် တန်ခိုးထက်ခဲ့သူ ဖြစ်သည်။ နန်းမတော်မယ်နု ဟူသော ဝေါဟာရကို အလွန်ငြိမ်သိမ် နုနယ်သော မိန်းမငယ်အား ဥပစာစကားအဖြစ် သုံးသည်။ မာတိကာ ၁ ငယ်ဘဝ ၂ နန်းတွင်းသို့ ရောက်ခြင်း ၃ သမီးရတနာ ၄ ကုသိုလ်တော်များ ၅ ဘဝနိဂုံး ၅.၁ သူ့ကျွေးရှိက ဆပ်ရမည် ၆ အခြေမှတ်စု ၇ ကိုးကား ငယ်ဘဝ ထောင်သင်းမှူး [fn ၁] သီဟကျော်စွာ (ဦးလှုပ်) နှင့် အမိ ဒေါ်ငယ် တို့မှ အင်းဝရွှေနန်း အနောက်ဘက်ရှိ "အတွင်းစံရာ" အရပ်၌ ၁၁၄၆ ခု၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ အင်္ဂါနေ့တွင် မွေးသည်။ ဗဒုံမင်းက အင်းဝမှ အမရပူရသို့ ၁၁၄၅ ခု၊ နယုန်လဆန်း ၁၂ ရက်၊ တနင်္လာနေ့တွင် နန်းရွေ့ရာ အမရပူရ မြောက်ပြင်၌ ပြောင်းနေကြသည်။ သမီးငယ်အား ဆွေမျိုးမိတ်သဟာများကို ဖိတ်၍ အမည်တောင်းရာ ကြင်အင်ထူးကဲခြင်း၊ ကိုယ်သားကိုယ်ရေ ပြေပြစ်ခြင်း၊ အနေအထိုင် နုနယ်ခြင်းတို့ကြောင်း ဘကြီးဖြစ်သူ အသည်ဝန်ကြီး မဟာကျော်ထင် (ဦးလွန်) က မယ်နု ဟု မှည့်ခေါ်စေသည်။ အစ်ကိုဖြစ်သူမှာ နောင် စလင်းမင်းသားဖြစ်လာမည့် မောင်အို ဖြစ်သည်။ ပရိတ်ကြီး၊ လောကနီတိ၊ ပုဏ္ဏောဝါဒ စသည့် ဆုံးမစာအမျိုးမျိုးနှင့် ဇာတ်က...
Comments
Post a Comment