မန်းလေး ရွှေစာရံ စေတီတော်
မန်းလေး ရွှေစာရံ စေတီတော်
ရသေ့ကြီး ဦးခန္တီလှူဒါန်းခဲ့သော မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြော်ပြီးနောက် ဘုရားဒါယိကာမ စောမွန်လှ၏ ရုပ်တုကို သေသေချာချာ ကြည့်မိသည်။ သူ၏မျက်လုံးများသည် ပြုံးရယ်နေသည်ဟု ထင်ရသည်။ မျက်နှာတစ်ခုလုံးသည် မေတ္တာတရားဖြင့် အေးချမ်းနေပုံရသည်။ သူ့ရုပ်တုကိုကြည့်နေရင်း သူ့ဘဝ၏ နက်ရှိုင်းမှုသည် ကျွန်တော့ ရင်ထဲသို့ အလိုလိုဝင်လာခဲ့သည်။
သမ္မာဒြိအယူဝါဒသည် ပုဂါရာမ (ပုဂံ) ပြည်တွင် ရှင်အရဟံဆိုက်ရောက်ခြင်းနှင့်အတူ ပွားများစည်ပင်လာခဲ့သည်။ ပုဂံပြည့်ရှင် အနော်ရထာ မင်းကြီးသည် သာသနာတော်ကို ယုံကြည်သည့်အပြင် သာသနာကိုလည်း အလွန်ချီးမြှောက်လိုသောကြောင့် ဂန္ဓာလရာဇ် (တရုတ်) ပြည်၌ကိုးကွယ်လျက်ရှိသည့် စွယ်တော် မြတ်တစ်ဆူကို မိမိတိုင်းပြည်သို့ ပင့်ယူတော်မူရန် အကြံဖြစ်ခဲ့သည်။ ထို့ကြောင့်စစ်သည်အလုံးအရင်းနှင့် အတူ နန်ချောက်ပြည်၏မြို့တော် တာလီ အထိချီတက်ခဲ့သည်။ နန်ချောက်ဘုရင် ဥတည်ဘွားသည် မြို့တော်တံခါးကို အလုံ ပိတ်၍ အပြင်းအထန်ခုခံသော်လည်း နောက်ဆုံးတွင် အားမတန်၍ မာန်လျှော့ ခဲ့ရသည်။ ဤတွင် အနော်ရထာမင်းကြီးက အဆွေတော်တို့ တိုင်းပြည်သို့ လာရောက်ရခြင်းမှာ လောကီစည်းစိမ်ကို အလိုရှိ၍မဟုတ်ပါ။ လောကုတ္တရာ ချမ်းသာဖြစ်တဲ့ စွယ်တော်မြတ်ကိုကိုးကွယ် ဆည်းကပ်ရန် လာရောက်တောင်းခံ ရခြင်းဖြစ်ပါတယ်ဟုမိန့်ရာ ဘုရင်ဥတည်ဘွားက စွယ်တော်မြတ်က ကိန်းဝပ်တော်မူလိုသော် ပင့်တော်မူနိုင်၏ ဟု ဆိုသည်။
အနော်ရထာမင်းလည်း ရတနာပန်း တောင်းကိုဦးခေါင်းတွင်ရွက်၍ သက်ဆင်း တော်မူရန် အဖန်ဖန်တောင်းပန် ခယသော်လည်း စွယ်တော်မြတ်သည် ကောင်းကင်မှ ဆင်းသက်တော်မမူသဖြင့် များစွာကြေကွဲ ဝမ်းနည်းခဲ့ရသည်။ သိကြားမင်းလည်း အနော်ရထာမင်းကြီး စိတ်သက်သာရာရစေရန် ကိုယ်ထင်ပြ၍ ဤစွယ်တော်မြတ်ကို မင်းကြီးအား ကိုးကွယ်စေဟု ဘုရားရှင်၏ ဗျာဒိတ်တော်မရှိခဲ့၊ သရေခေတ္တရာ ပြည်မှာရှိသည့် သင်းကျစ်တော် ဓာတ်ကိုသာ သင်မင်းကြီး ရလတ္တံ့ဟုသာ ဗျာဒိတ်ရှိသည်။ စွယ်တော်မြတ်မှာ ဂန္ဓာ လရာဇ်တိုင်း၌ သာသနာ ၅,ဝဝဝ တိုင်အောင် တည်စေလိမ့်မည်ဟုဆိုကာ မင်းကြီးအား သိကြားမင်းက မြဆင်းတုတော်ကို ပေးအပ်ခဲ့သည်။
အနော်ရထာမင်းကြီးလည်း မြဆင်းတု တော်ကိုပင့်၍ ပုဂံသို့ပြန်လာခဲ့ပြီး အပြန် ခရီးတွင် မိုင်းမောဝ်ပြည်ကြီးသို့ ဝင်ရောက်ခဲ့သည်။ အနော်ရထာမင်းနှင့်မိုင်းမောဝ် စော်ဘွားတို့တွေ့ဆုံခဲ့ပြီး နှစ်ပြည်ထောင် ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲစေရန် မိုင်းမောဝ်စော်ဘွားက သမီးတော်စောမွန်လှ ကို အနော်ရထာမင်းအား ဆက်သခဲ့သည်။စောမွန်လှလည်း ခမည်းတော်၏ ဆန္ဒ ပြည့်ဝစေရန် အနော်ရထာမင်းနှင့်အတူ ပုဂံပြည်သို့ လိုက်ပါခဲ့သည်။ လောကီကို ငြီးငွေ့နေသော မိဖုရား စောမွန်လှသည် ပုညကြိယာ ၁ဝ ပါး ဖြင့်မွေ့လျော်ပြီး သာသနာတော်ကို လွန်စွာချီးမြှောက်ခဲ့ သည်။ သို့သော် ပုထုဇဉ်တို့သဘောအရ ပုဂံနန်းတွင်းတွင် အိမ်ထောင်ရေး၊ လူမှုရေး မကျေလည်မှုများ ပေါ်ပေါက်ခဲ့သည်။
လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ပုဂံမှ မိုင်းမောဝ်သို့ ငြိမ်းချမ်းစွာ ပြန်လည် ထွက်ခွာဖို့ဆုံးဖြတ်ခဲ့သည်။ အပြန်လမ်းတွင် ချောင်းတစ်ခုကို အဖြတ်မှာ ဝတ်ဆင်ထားသော နားဋောင်းကျွတ်ကျခဲ့သည်။ ရေထဲကျသည် အထင်ဖြင့် ငုပ်၍ရှာသော် လည်းမတွေ့ဘဲ ကောင်းကင်မှာ စာသူငယ် အပေါင်းဝန်းရံနေသည်ကို တွေ့လိုက်ရ သည်။ မွေတော်ဖြစ်သောနားတောင်းသည် တန်ခိုးပြာဋိဟာ ပြနေသည်။ ဤအခြင်းအရာကို မြင်ရသောအခါ စောမွန်လှသည် ရှိခိုးပူဇော်ပြီး အဓိဋ္ဌာန်ပြုလိုက်ရာ နားဋောင်းသည် စောမွန်လှ ၏နားတွင် ဝတ်မြဲအတိုင်း တည်နေတော့သည်။ ဤတွင်မွေတော်ကိုဌာပနာ၍ စေတီတည် လိုစိတ်ဖြစ်ပေါ်ခဲ့ပြီး ဒုတ္ထဝတီမြစ်ဘေး အဘယခေမာ ကုန်းတော်ပေါ်တွင် စေတီ တည်ထားကိုးကွယ်ခဲ့သည်။ ကောင်းကင်တွင် မွေတော်ကို စာကလေးငှက်များဝန်းရံ တည်နေသည်ကို အစွဲပြု၍ 'ရွှေစာရံစေတီတော်' ဟု မှည့်ခေါ်ခဲ့သည်။
ရွှေစာရံစေတီဝင်းအတွင်း၌ အဆိပ်ပြင်းသော မြွေပွေး၊ မြွေဟောက်တို့သည် အာစေးထည့်ထားသကဲ့သို့ မကိုက်နိုင် သလို မြွေကိုက်ခံရသူကို ဘုရားဝင်းအတွင်း သို့သွင်းလျှင် အဆိပ်ပြေ၍ ချမ်းသာရာရသည်ဟု ပြောကြသည်။
ရာဇဝင်ထဲက ရွှေစာရံ
ဘုရားအမဟာ ငါးတောင်ပြည့်ရွှေစာရံ စေတီငယ်ကို မြတဘက်နဲ့ ပတ်ပြီး သစ္စာပြု ဆုတောင်းကာ မုခ်ဝကို ရှမ်းပြည်မှ ပုဂံပြည်ရှိရာဘက်သို့ ဆွဲလှည့်ခဲ့တယ်လို့ အဆိုရှိပါတယ်။ မင်းကြီး အမျက်ပြေတော်မူပြီး အသက်ချမ်းသာရာရခဲ့ပေမဲ့ သီပေါမြို့၊ ဘော်ကြို ဘုရားအရောက်မှာ အကြိုထောက်တဲ့ ပေါ့ (ဖခင်)စော်ဘွားကြီး စောလုံဟုမ်မိန်းနဲ့ မောင်တော် ခွန်ကော်လန်းတို့နဲ့ တွေ့ဆုံပြီးတဲ့ နောက် စိတ်ရောလူပါပင်ပန်းဆင်းရဲပြီး မမာ မကျန်းတဲ့ဒဏ်ကြောင့် နတ်ရွာလားခဲ့ရပါတယ်။ ပေါ့(အဖေကြိုတဲ့ဘုရား) ပေါ့ကြို ကနေ ဘော်ကြိုဘုရားအမည်တွင်ခဲ့တယ်လို့ ဆိုပါတယ်။ စော်ဘွားကြီးနဲ့ သားတော်တို့ဟာ စောမွန်လှရဲ့ စိတ်နဲ့နှလုံးကြေကွဲလို့ သေပွဲဝင်ခဲ့ကြတဲ့အတွက် စော်ဘွားမျိုးဆက် ခေတ္တပြတ်ခဲ့ရတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
Comments
Post a Comment