ဂုတ်ထိပ်တံတား သမိုင်း
ဂုတ်ထိပ်တံတား သမိုင်း
_________________________________
ဂုတ်ထိပ်နိဒါန်း
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ( ၂၉ ) ရက်နေ့တွင် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ကြပြီးနောက် ဗြိတိသျှ အစိုးရသည် မန္တလေးမြို့မှရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံမြို့အထိ ရထားလမ်းဖေါက်လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည် ။
ရထားလမ်းဖေါက်လုပ်ရာတွင် အကြီးမားဆုံးအခက်အခဲမှာ နောင်ချိုနှင့် ကျောက်မဲခရိုင်နောင်ပိန်မြို့အကြားဂုတ်တွင်းလျှိုကမ်းပါးကြီးကိုဆက်သွယ်ရသည့်လုပ်ငန်းပင််ဖြစ်လေသည် ။ကမ်းပါးပြတ် ချောက်ကြီးမှာ တစ်ဘက်နှင့်တစ်ဘက် ပေ နှစ်ထောင်ကျော်မျှ ကွာလှမ်းနေပြီး နက်ရှိုင်းလှသည့် လျှိုကြီးမှာ ပေ ( ၃၀၀ )
ကျော်မျှ ရှိနေပြန်ရာ ထို ကျောက်တောင်ကမ်းပါးပြတ်ကြီးနှစ်ဘက်ကို ရထားတစ်စင်း ဖြတ်သန်းသွားလာနှိုင်သောတံတားကြီးတည်ဆောက်ရန်မှာလွယ်ကူလိမ့်မည်မဟုတ်ပေ ။ထို့ကြောင့် ရထားလမ်းဖေါက်လုပ်ရေးစီမံကိန်း တာဝန်ရှိသူများသည် အင်္ဂလန်နိုင်ငံလန်ဒန်မြို့ရှိ ( Sir A . M . Fendal In Co ) အား တံတားတည်ဆောက်ရန် ပုံစံဒီဇိုင်းအပ်နှံ၍ ဆောက်လုပ်ရန်ကိုမူ အမေရိကန်နိုင်ငံရှိ (Pennsylvania and Maryland ) ကုမ္ပဏီအားတာဝန်ပေးအပ်နှံခဲ့လေသည် ။ တောအထပ်ထပ်တောင်အသွယ်သွယ်ကိုဖြတ်သန်းဖေါက်လုပ်
ရသည့် ဂုတ်ထိတ်တံတားစီမံကိန်းသည်နောင်ချိုမြို့မှရထားလမ်းအတိုင်း( ၇ )မိုင်ခန့်အကွာ မိုင်တိုင်
( ၄၆၃ . ၀၉ ) တွင်စတင်ပြီး မြန်မာနိုင်ငံရှိတံတားများတွင်အမြင့်ဆုံးသောတံတားဖြစ်ခဲ့လေသည် ။
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှသင်္ဘောကြီးများဖြင့်တင်ဆောင်ယူလာသော တံတားသံပေါင် ကြီးများကို ထိုတံတားတည်ဆောက် ိ
ရန်နေရာအထိခဲရာခဲဆစ် သယ်ယူပြီး( ၁၈၉၉ )ခုဧပြီလ ( ၂၈ )ရက်မှ စတင်တည်ဆောက်ခဲ့ကြရာ ( ၁၉၀၀ ) ပြည့်နှစ် နိုဝင်ဘာလ ( ၁ )ရက်နေ့တွင် အောင်မြင်စွာတည်ဆောက်ပြီးစီးခဲ့ပါသည် ။အထက်ပါ တင်ပြရက်စွဲသည် လမ်းအူကြောင်းဖေါက်ခြင်း သံပေါင်များသယ်ယူခြင်းနှင့် မြေပြင်အနေအထားချိန်ညှိခြင်းများအပါအဝင်
ဖြစ်ပါသည် ။ အမှန်တစ်ကယ်တံတားအုတ်မြစ်ချသည်မှပြီးစီးသည်အထိမူ တည်ဆောက်ချိန်ကိုးလ သာရှိခဲ့ပါသည် ။တံတားကြီး၏မြောက်ဘက်ခြမ်းရှိ ကျောက်တောင်ကြီးများကို ထွင်းဖေါက်၍ ဥမင်လှိုင်ခေါင်းကြီးနှစ်ခုကိုလည်း ရထားဖြတ်သန်းရန်ဖောက်လုပ်ကြရပြန်ပါသည် ။တံတားကြီးဆောက်လုပ်ချိန်မှာ ကိုးလတာသာလျင်ကြာမြင့်ခဲ့သော်လည်း ခိုင်မာမှု နှင့်စံနစ်ကျခြင်းတို့ကို ယခုတိုင်အသုံးပြု၍ရနေခြင်းကပင် သက်သေမဟုတ်ပါလော ။ ဗြိတိသျှ ကိုလိုနီနယ်ချဲ့တို့သည် မြန်မာနိုင်ငံကိုသိမ်းပိုက်ထားသောဧည့်သည်များသာဖြစ်
ကြသော်လည်း မိမိတို့ယာယီအကျိုးခံစားခွင့်အတွက် လုပ်ငန်းတိုင်းကို ဖြစ်ကတတ်ဆန်းမလုပ်ခဲ့ကြဘဲ ကျကျနန သေသေချာချာ စံနစ်ကောင်းများဖြင့် တာဝန်ယူလေးစားစွာဆောင်ရွက်လေ့ရှိကြသည်ကိုဖြင့် အတုယူကြရမည်ဖြစ်ပါလေသည် ။ ယခုအချိန်တွင် မြန်မာနိုင်ငံ အနှံ့အပြား၌လမ်းများ တံတားများ အဆောက်အဦကြီးများတည်ဆောက်ကြရာတွင် အချိန်မတိုင်မီပျက်စီးခြင်း ၊ ပြိုကျခြင်း ၊ စံနစ်မကျခြင်း နှင့် ယိုင်ရွဲ့နေ
သောလမ်းအူကြောင်းများ ပေါ်တွင် တွန့်လိမ်ခုံးခွက်နေသော နိုင်ငံတကာစံချိန်မီဟု ကြွေးကျော်ခြင်းခံထားရ
သည့် အမြန်လမ်းမကြီး များနှင့် တံတားကြီးများ စီမံကိန်းအဆောက်အဦများမှာ အမြဲတမ်းတစ်ခုခုလိုနေသလိုခံစားမြင်တွေ့နေရမည်ဖြစ်ပါလေသည် ။စာရှုသူများရော ထိုလိုအပ်ချက်သည် အဘယ်ပါနည်းဟု စဉ်းစားမိပါသလော ။ စာရေးသူအနေဖြင့် စဉ်းစားသုံးသပ်မိသည်မှာ"" စေတနာ "" ဟူသောစကားစုကလေးနှင့်
တာဝန်သိတတ်ခြင်း ဟူသောအကြောင်းတရားကလေးပင်ဖြစ်လိမ့်မည်ဟု တွေးထင်နေမိပါတော့သည် ။
Comments
Post a Comment