Posts

Showing posts from August, 2020

ရန်ကင်းတောင် (ငါးရံ့မင်းတောင်)

  ရန်ကင်းတောင်  ရန်ကင်းတောင် သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၏ အရှေ့ဘက်၊ (၅)မိုင်ခန့်အရပ်၊ မန္တလေးမြို့ရိုး၊ ဦးထိပ်တံတားမှသည် အရှေ့ဘက် (၄)မိုင်အကွာ ပုသိမ်ကြီးမြို့နယ် ၏ အလယ်တွင် တည်ရှိသော တောင်တစ်တောင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀-ကျော်အခါကပင် (ငါးရံ့မင်းတောင်) (ရန်ကင်းတောင်)ဟူသော အမည်ထူး (၂)ရပ် တွဲစပ်၍ ရရှိခဲ့လေသည်။ ဤအမည်ထူး နှစ်ရပ် တွဲစပ်ဖြစ်ပေါ်လာရခြင်းမှာ ဂေါတမ ဘုရားအလောင်းဘဝ နုစဉ်ကာလ ပါရမီတော်များ ဖြည့်ကျင့်တော်မူစဉ် (ငါးရံ့မင်းဘဝ) ဧရာဝတီမြစ်ရိုး၌ ဆွေတော်မျိုးတော် ငါးအပေါင်းနှင့် စံပျော်နေစဉ် တံငါသည်၏ ကွန်ချက်အတွင်း သက်ဆင်းခဲ့ရသည်။ တံငါသည်သည် ငါးမင်းခန္ဓာကိုယ်အား ဓားနှင့်မွှန်း၍ ဆားသိပ်နယ်ခြင်းကို ခံရသဖြင့် နာကျင်ခံ ခက်လှသော ဝေဒနာကို ခံစားရပြီး ငါးမင်းသေပြီအထင်နှင့် တောင်ကမူတစ်ခုပေါ်တွင် နေလှမ်း၍ အခြောက်ခံထားစဉ် ခုန်ချထွက်ပြေး ကူးခတ်လာရပြီး ဤတောင်တော်ရောက်မှ ဘေးရန်များ ကင်းဝေးခဲ့သဖြင့် ရန်ကင်းတောင်ဟု အမည်တွင်ခဲ့ပြီး ငါးရံ့မင်းဘဝ၌ ခိုလှုံရသောကြောင့် ငါးရံ့မင်းတောင်ဟုလည်း ခေါ်ဝေါ်ကြလေသည်။ အလောင်းတော် ငါးမင်းဖြစ်စဉ်က ဓားနှင့်မွှန်းသောနေရာအနီး တောင်ငယ်ကို ဓားမွှန်...

မန္တလေးတောင်

 မန္တလေးတောင် သည် မန္တလေးမြို့၏ မြောက်ဘက်တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်မှ ၂၃၀ မီတာ မြင့်သည်။ မန္တလေးတောင်ထိပ်သည် ပင်လယ်ပြင်မှအထက် ပေပေါင်း ၇၇၆-ပေ၊ တောင်ခြေမြေပြင်မှ ပေပေါင်း ၅၀၀ ကျော်မြင့်သည်။  မန္တလေးတောင်ကို အဝေးမှ မြင်ရပုံ စေတီပုထိုးပေါင်း များစွာ တည်ထားသည်။ မန္တလေးတောင်သည် မန္တလေးမြို့ကို အပေါ်မှ စီးပိုးအုပ်မိုးထားသကဲ့သို့ ရှိပေရာ၊ မန္တလေးတောင်ပေါ်မှနေ၍ ကြည့်သော်နန်းမြို့ရိုး၊ ကျုံးနှင့်တစ်ကွ မန္တလေးမြို့၏ ရှုခင်းကို ကောင်းမွန်စွာမြင်တွေ့ရပေသည်။ တောင်ထိပ်တွင် ဆုတောင်းပြည့် မြတ်စွာဘုရား တည်ရှိသည်။ တောင်ပေါ်သို့ လှေကား (၄) ဆင်းမှ တက်ရောက်ဖူးမျှော်နိုင်သည်။ လှေကားများမှ တောင်ဘက်၊ အရှေ့တောင်ဘက်၊ အနောက်ဘက် နှင့် မြောက်ဘက် တွင်ရှိသည်။ ကားလမ်းလည်း ဖောက်ထားသလို ကားရပ်ထားသောနေရာမှာ ဘုရားပေါ်သို့ တက်ရောက်ရန် ဓာတ်လှေကား၊ စက်လှေကား များတပ်ဆင်ထားသည်။ နာမည်ဖြစ်ပေါ်လာပုံ ကကုသံဘုရားရှင် လက်ထက်က ခီဏာသဝပူရတောင် ဟုခေါ်သည်။ ကောဏာဂုံဘုရားရှင် လက်ထက်က ဝေလာမပူရတောင် ဟုခေါ်သည်။ ကဿပဘုရားရှင်လက်ထက်တော်က ပါဒဿပူရတောင် ဟုခေါ်သည်။ ဂေါတမဘုရားရှင်တော် လက်ထက်၌ မဏ္ဍလတောင် ဟုခေါ်ကြသည်။ မန္တလေးတောင်သမို...

နန်းမတော်မယ်နု

ယ်နု (၁၇၈၄ - ၁၈၄၀) သည် ဘကြီးတော် (စစ်ကိုင်းမင်း) လက်ထက် မိဖုရားခေါင်ကြီးအရာဖြင့် အင်းဝထီးနန်းတွင် တန်ခိုးထက်ခဲ့သူ ဖြစ်သည်။ နန်းမတော်မယ်နု ဟူသော ဝေါဟာရကို အလွန်ငြိမ်သိမ် နုနယ်သော မိန်းမငယ်အား ဥပစာစကားအဖြစ် သုံးသည်။ မာတိကာ ၁ ငယ်ဘဝ ၂ နန်းတွင်းသို့ ရောက်ခြင်း ၃ သမီးရတနာ ၄ ကုသိုလ်တော်များ ၅ ဘဝနိဂုံး ၅.၁ သူ့ကျွေးရှိက ဆပ်ရမည် ၆ အခြေမှတ်စု ၇ ကိုးကား ငယ်ဘဝ ထောင်သင်းမှူး [fn ၁] သီဟကျော်စွာ (ဦးလှုပ်) နှင့် အမိ ဒေါ်ငယ် တို့မှ အင်းဝရွှေနန်း အနောက်ဘက်ရှိ "အတွင်းစံရာ" အရပ်၌ ၁၁၄၆ ခု၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ အင်္ဂါနေ့တွင် မွေးသည်။ ဗဒုံမင်းက အင်းဝမှ အမရပူရသို့ ၁၁၄၅ ခု၊ နယုန်လဆန်း ၁၂ ရက်၊ တနင်္လာနေ့တွင် နန်းရွေ့ရာ အမရပူရ မြောက်ပြင်၌ ပြောင်းနေကြသည်။ သမီးငယ်အား ဆွေမျိုးမိတ်သဟာများကို ဖိတ်၍ အမည်တောင်းရာ ကြင်အင်ထူးကဲခြင်း၊ ကိုယ်သားကိုယ်ရေ ပြေပြစ်ခြင်း၊ အနေအထိုင် နုနယ်ခြင်းတို့ကြောင်း ဘကြီးဖြစ်သူ အသည်ဝန်ကြီး မဟာကျော်ထင် (ဦးလွန်) က မယ်နု ဟု မှည့်ခေါ်စေသည်။ အစ်ကိုဖြစ်သူမှာ နောင် စလင်းမင်းသားဖြစ်လာမည့် မောင်အို ဖြစ်သည်။ ပရိတ်ကြီး၊ လောကနီတိ၊ ပုဏ္ဏောဝါဒ စသည့် ဆုံးမစာအမျိုးမျိုးနှင့် ဇာတ်က...

ဂုတ်ထိပ်တံတား သမိုင်း

 ဂုတ်ထိပ်တံတား သမိုင်း _________________________________ ဂုတ်ထိပ်နိဒါန်း                                         ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ( ၂၉ ) ရက်နေ့တွင် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ကြပြီးနောက်   ဗြိတိသျှ အစိုးရသည် မန္တလေးမြို့မှရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံမြို့အထိ ရထားလမ်းဖေါက်လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည် ။ ရထားလမ်းဖေါက်လုပ်ရာတွင် အကြီးမားဆုံးအခက်အခဲမှာ   နောင်ချိုနှင့်    ကျောက်မဲခရိုင်နောင်ပိန်မြို့အကြားဂုတ်တွင်းလျှိုကမ်းပါးကြီးကိုဆက်သွယ်ရသည့်လုပ်ငန်းပင််ဖြစ်လေသည် ။ကမ်းပါးပြတ် ချောက်ကြီးမှာ တစ်ဘက်နှင့်တစ်ဘက် ပေ နှစ်ထောင်ကျော်မျှ ကွာလှမ်းနေပြီး နက်ရှိုင်းလှသည့် လျှိုကြီးမှာ ပေ ( ၃၀၀ ) ကျော်မျှ ရှိနေပြန်ရာ ထို ကျောက်တောင်ကမ်းပါးပြတ်ကြီးနှစ်ဘက်ကို ရထားတစ်စင်း      ဖြတ်သန်းသွားလာနှိုင်သောတံတားကြီးတည်ဆောက်ရန်မှာလွယ်ကူလိမ့်မည်မဟုတ်ပေ ။ထို့ကြောင့် ရထားလမ်းဖေါက်လုပ်ရေးစီမံကိန်း တာဝန်ရှိသူများသည် အင်္ဂလန်နိုင်ငံလန်ဒန်မြို့ရှိ ( Sir A ....

သင်ရဲ့မွေးလကပြောတဲ့ သင့်ကိုယ်ရည်ကိုယ်သွေးကို ဖတ်ကြည့်ကြပါဦးနော်။

 သင်ရဲ့မွေးလကပြောတဲ့ သင့်ကိုယ်ရည်ကိုယ်သွေးကို ဖတ်ကြည့်ကြပါဦးနော်။ ဇန်နဝါရီလ ဇန်နဝါရီလမှာ မွေးဖွားသူတွေဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး အရာအရာကို နားလည်လွယ်သူတွေ ဖြစ်ကြပါတယ်။ တက်တက်ကြွကြွရှိပြီး အကြောက်တရား နည်းပါးသူတွေပါ။ တာဝန်ယူတတ်သူ၊ ဦးဆောင်တတ်သူတွေ ဖြစ်ပါတယ်။ အားလပ်ချိန်တွေမှာ ပျော်စရာတွေ ဖန်တီးနေရတာကို သဘောကျပြီး တိရစ္ဆာန်လေးတွေကိုလဲ ချစ်တတ်ပါတယ်။ ဖော်ရွေတဲ့ လူမှုဆက်ဆံရေးရှိပေမယ့် လျှို့ဝှက်တတ်သူတွေလဲ ဖြစ်ကြပါတယ်။ ဖေဖော်ဝါရီလ ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့သူတွေဟာ အရှိကိုအရှိတိုင်းပြောတတ်၊ လုပ်တတ်သူတွေပါ။ ပွင့်လင်းရိုးသားမှုရှိပြီး အမြင်မတော်ရင် မတော်သလို ဝေဖန်အကြံပေးတတ်သူတွေ ဖြစ်ပါတယ်။ လူတိုင်းရဲ့ ယုံကြည်မှုကို ရထားသူတွေပါ။ ဇွဲလုံ့လရှိသူတွေဖြစ်ပြီး မိမိဘဝကို ချစ်မြတ်နိုးသူတွေ ဖြစ်ကြပါတယ်။ စိတ်ကူးယဉ်တတ်သူတွေလဲဖြစ်ပြီး ညအိပ်ရာဝင်တဲ့အချိန်ထိ လုပ်ချင်တာတွေကို စိတ်ကူးယဉ်နေတတ်ကြပါတယ်။ မတ်လ မတ်လမှာ မွေးဖွားသူတွေဟာ ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ အရာရာကို စောင့်ကြည့်လေ့လာပြီးမှ ဆုံးဖြတ်ချက်ချတတ်သူတွေပါ။ တစ်ယောက်ယောက်ကို ခင်သွားပြီဆိုတာနဲ့ တစ်သက်လုံးကို ခင်မင်နေတတ်သူတွေပါ။ သ...

သုံးပန်လှနတ်

 သုံးပန်လှနတ် သုံးပန်လှနှင့် ပတ်သက်၍ အတ္ထုပတ္တိ သမိုင်း (၂) မျိုးရှိသည်။ ပထမတစ်မျိုးမှာ သုံးပန်လှသည် ဟံသာဝတီပြည် ကန်စွန်းနိမ့်ရွာသူဖြစ်သည်။ တစ်နေ့လျှင် သုံးကြိမ် သုံးပန်လှသူဖြစ်သောကြောင့် သူ၏ မိဘများက သရေခေတ္တရာပြည်၏ ဘုရင် ဒွတ္တပေါင်မင်းကြီးအား ဆက်သလိုက်သည်။ မင်းကြီး၏ မိဖုရား၊ မောင်းမ၊ မိဿံများက မနာလိုသောကြောင့် သုံးပန်လှအား လာရောက်ဆက်သသူများကို တံစိုးလက်ဆောင်ပေး၍ သုံးပန်လှသည် မျက်နှာသာလှ၍ ကိုယ်လုံးကိုယ်ထည် ကြီးမားလှသောကြောင့် မြို့တံခါးမဆန့်၍ မြို့တွင်းသို့ မသွင်းယူနိုင်သောကြောင့် မြို့ပြင်မှာသာ ထားရကြောင်း မင်းကြီးအား လိမ်လည်လျှောက်တင် ကြသည်။ မင်းကြီးက ယုံသဖြင့် သိမ်းယူတော် မမူဘဲ လျစ်လျူရှုထားသောကြောင့် စိတ်ညစ်သေဆုံးပြီး နတ်ဖြစ်သည်ဟု ဆိုသည်။ ဒုတိယတစ်မျိုးမှာ သုံးပန်လှသည် မဟာဂီရိနတ် မောင်တင့်တယ်၏ နှမငယ်ဖြစ်သည်။ မောင်တင့်တယ်တို့ အမှုအခင်းဖြစ်သော အခါတွင် ရခိုင်ပြည်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ ရခိုင်ဘုရင်က သမီးအနေဖြင့် မွေးစားထားခဲ့သည်။ နောင်တွင် ဥက္ကလာမင်း သမိန်ထောရာမအား ဆက်၍ သမိန်ထောရာမ၏ မိဖုရားဖြစ်လာခဲ့သည်။ သမီး ရှင်နဲမိကို မွေးဖွားပြီးသော အခါတွင် ဆွေမျိုးများကို တွေ့လို၍ တကော...

ဒိုင်းခင်ခင်

 ဒိုင်းခင်ခင် သီပေါမင်း သည် စုဖုရားလတ် တစ်လင်တစ်မယားစနစ်၏ ပြင်းထန်သော အပြစ်ပေးမှုများအားသိရှိပါသော်လည်း…… အသက် ၁၇ နှစ်အရွယ်ရှိမိန်းမချောလေး ဒိုင်းခင်ခင် အား ချစ်ခင်စုံမက်ပါသောကြောင့် မြောက်နန်းစံမိဖုရားအဖြစ်တင်မြောက်လိုသည်ဟု ဆိုလာသည်။ သို့သော် ဒိုင်းခင်ခင် ၏မိဘများသည် စုဖုရားလတ်၏ အန္တရာယ်ကို ကြောက်လှပါကြောင်း လျှောက်တင်သည့်အခါ …. သီပေါမင်းသည်… မိမိတာဝန်ယူကြောင်း စုဖုရားလတ် အား တဖြည်းဖြည်း ပြော၍အသိပေး သွားမည်ဖြစ်ကြောင်းနှင့် အကယ်၍ ဒိုင်းခင်ခင် အပေါ်၌စုဖုရားမှ အန္တရာယ်တစ်စုံတစ်ရာ ကျရောက်စေခဲ့ပါမူ … …. မိမိသ ည် ထီးနန်း အား လက်လွှတ် ဆုံးရှုံးစေပြီး တိုင်းပြည် ပျက်ပါစေကြောင်း ကတိသစ္စာ ကျိန်ဆိုခဲ့ပါသည်….။ စုဖုရားလတ်တွင် ဒုတိယသမီးတော်ဖွားမြင်ပြီး နောက်ပိုင်းမှာ သီပေါမင်းမှ ဒိုင်းခင်ခင်အား ချစ်ခင်စုံမက်ကြောင်း မြောက်နန်းစံ ထားလိုကြောင်း စုဖုရားအား ဖွင့်ပြောလိုက်စဉ် အမြတ်တော်ရှသော်လည်း ချက်ချင်းထိန်းကာ အခြေနေအား စောင့်ကြည့်ရင်း …. သီပေါမင်းတိုင်းပြည်ရေး အနည်းငယ် စိတ်ထွေနေချိန်တွင် စုဖုရား သည် ဒိုင်းခင်ခင် အား ကွက်မျက်စေခဲ့သည်။ ဒိုင်းခင်ခင် အား နန်းဝတ်နန်းစားများအား ချွတ်စေပြီး မြေပြင်တွင်ဒူ...

ပန်ထွာဘုရင်မဘဝဖြစ်စဉ်

 ပန်ထွာဘုရင်မဘဝဖြစ်စဉ် မဟာသမ္ဘဝနှင့် စူဠာသမ္ဘဝ မင်းသားနှစ်ပါးတို့ကို စက္ခုအလင်းရအောင် ကုစားပေးသော စန္ဒမုခိဘီလူးမတွင် လက်ကိုကိုင်တွယ်ခြင်း အစွန်းအညိကြောင့် ပဋိသန္ဓေတည်ရှိခဲ့ရာ တောင်တွင်းကြီးမြို့ အနောက်ဖက် ၅ တိုင်ကွာသော တောအရပ်တွင် သားမိန်းမတစ်ယောက် ဖွားမြင်သည်ဟု ဆိုသည်။ ထိုသမီးငယ်ကို ရသေ့တစ်ပါးက မွေးစားထား၍ ကြီးပြင်းလာသောအခါတွင် ထိုတောအရပ်၌ နေ့သည့် ဗိဿနိုးနတ်မင်းက ရှေးဘဝ၌ မောင်နှမတော်သဖြင့် ပန်ထွာပြည် ဗိဿနိုးမြို့ကို ဖန်ဆင်း၍ အမျိုးသမီးအား အပ်နှင်းလေသည်။ ဗိဿနိုးမှစည်တော်ကြီး ဗိဿနိုးမြို့တွင် အလွန်ထူးခြားသော စည်တော်ကြီးတစ်လုံးရှိသည်။ အကယ်၍ ဗိဿနိုးအား ရန်သူများ လာရောက်တိုက်ခိုက်သောအခါ ပန်ထွာဘုရင်မသည် ထိုစည်တော်ကြီးကို တီးခတ်လိုက်ပါက ဗိဿနိုးမြို့ကိုဝန်းရံထားသော ရန်ပယ်ချောင်းရှိ ရေတံခါးကိုစောင့်ကြပ်သူများက ရေတံခါးကို ဖွင့်ချလိုက်သည်။ ထိုအခါ ရန်ပယ်ချောင်းအတွင်း ရေကြီးလာပြီး ရန်သူများ ဆုတ်ခွာသွားရလေ့ရှိသည်။ ဒွတ္တဘောင်မင်းကြီးသည် ဗိဿနိုးအား သူ၏ တပ်ကို စေလွှတ်၍ တိုက်ခိုက်ရန်ကြိုးစားသော်လည်း ထိုစည်တော်ကြီး၏ အစွမ်းကြောင့် အောင်မြင်နိုင်ခြင်းမရှိပေ။ သရေခေတ္တရာကို အုပ်ချုပ်သော ဒွတ္တဘောင်မင်းကြ...

ဖိုလ်ဝင်တောင်

 ဖိုလ်ဝင်တောင်ဆီ မုံရွာရောက်တုန်း ရောက်ဖြစ်အောင်သွားလိုက်ပါတယ်။ သီတင်းကျွတ်လဖြစ်လို့ အညာဒေသဖြစ်ပေမယ့် ပါတ်ဝန်းကျင်က စိမ်းစိုလို့နေပါတယ်။ မုံရွာမြို့ထဲကနေ တစ်နာရီကားမောင်းလိုက်ရင် ဖိုလ်ဝင်တောင်ကိုရောက်ပါတယ်။ မြစ်ကိုဖြတ်ပြီး သွားရတာမို့လို့ ရေလမ်းကသွားလို့ရသလို တံတားဖြတ်ပြီး ကားနဲ့လဲ သွားလို့ရပါတယ်။ တံတားကိုကျော်ဖြတ်လိုက်တာနဲ့ ပါတ်ဝန်းကျင်က တစ်မျိုးပြောင်းလာတယ်။  ဖိုလ်ဝင်တောင်ကို အဝေးကနေမြင်ရပါတယ်။ လောင်းလှေကြီးတစ်စင်းမှောက်ထားတဲ့သဏ္ဍာန်မျိုးဖြစ်ပါတယ်။ အလောင်းတော်ကသဖခရီးစဉ်ရှိတဲ့ရာသီတွေမှာ လူသွားလူလာများပေမယ့် တခြားအချိန်တွေမှာ ခရီးသွားနဲတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဖိုးဝင်းတောင်သမိုင်းကို သမိုင်းဆရာတို့က နှစ်အမျိုးမျိုးသတ်မှတ်ကြသည်။ အရှင်ဉာဏဝံသ ၏၊ဖိုးဝင်းတောင်သမိုင်းစာအုပ်တွင်သက်တမ်း နှစ်ပေါင်း ငါးရာ မှစခဲ့သည်ဟုရေးသားထားပြီး သမိုင်းဆရာကြီးဒေါက်တာသန်းထွန်းက အနှစ်ပေါင်း သုံးရာ ဟုမှတ်ချက်ပြုခဲ့ပါတယ်။ မြန်မာ့ရှေးဟောင်းသုတေသနဌာန မှ နှစ်ပေါင်း ခွန်နှစ်ရာ ဟူ၍ အမျိုးမျိုးကွဲပြားကြသော်လည်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နယ်မြေထဲတွင် ထည့်သွင်းခံထားရသည်ဟု သိရှိခဲ့ရပါတယ်။ ဖိုးဝင်းတောင်ကို ယခုတော့၊ဖိုလ...

သူရဲဥမင်ဆိုတာ

  သူရဲဥမင်ဆိုတာ သူရဲ (သရဲ၊ အချို့ကလည်း တရဲ) လို့ ရေးရပေမယ့် ဖတ်တဲ့အသံကတော့ မတူပါဘူး။ သလဲနဲ့ သရဲ အသံကြားထဲမှာ အသံလေးကို လှုပ်ပြီးဆိုရတာပါ။ စာဖတ်ရင်တော့ ရုတ်တရက် လန့်သွားမှာပေါ့။ သရဲတွေ ရှိတာလားဆိုပြီး…. သူက သူရဲရွာအနီးမှာ ရှိတာကြောင့်လည်း ဒီအမည်တွင်တာပါ။ သူရဲရွာ စာလုံးပေါင်းကို ဘုရားပြုပြင်တဲ့ အလှူရှင် ကမ္ပည်းထိုးထားရာမှာ မြင်တွေ့တဲ့အတိုင်း ယူထားတာဖြစ်ပါတယ်။ ရှေးဟောင်းသဘာဝဂူဖြစ်လို့ အပြင်ဘက်ပိုင်းမှာ ဘုရားဆင်းတုတော်အချို့နဲ့ စေတီတစ်ဆူကလွဲရင် အတွင်းဘက်မှာ တကယ့် သဘာဝအတိုင်း ကျောက်စက်ပန်းဆွဲတွေနဲ့ စိတ်ဝင်စားစရာ ထုံးကျောက်ဂူအဖြစ် ရှိနေပါတယ်။ နှစ်ပေါင်း ရာချီရှိနိုင်တယ်လို့ ခန့်မှန်းရတဲ့ ရှေးလက်ရာ ဗုဒ္ဓ ဆင်းတုတော်တွေနဲ့ ၂၀ဝ၅ ကနေ ၂၀၁၀ အတွင်း အသစ်ပြုပြင်ခဲ့တဲ့ ဘုရားဆင်းတုတော်တွေကို တောင်အတက် ဂူအဝနားမှာ အခြားလိုဏ်ဂူတွေလိုပဲ ဖူးမြင်ကြရပါတယ်။ ဂူကို အပြင်က ပတ်ကြည့်ရင်လည်း ချောက်ကမ်းပါး လေးအနားကပ်ပြီး လမ်းလျှောက်လို့ ကြည့်နိုင်သလို အချို့နေရာတွေမှာ တောင်ကမ်းပါးယံက ခွက်ဝင်နေတဲ့ နေရာတွေရှိပြီး ဘုရားဆင်းတုတွေ ထည့်သွင်းထားတတ်ပါတယ်။ သဘာဝလိုဏ်ဂူထဲ ဝင်ဖို့ကတော့ ဂူအတွင်းက ဘုရားတွေကြားထဲကနေ သွားရတာပါ။ ...

မြန်မာနိုင်ငံရှိ လိုဏ်ဂူများ

  မြန်မာနိုင်ငံရှိ လိုဏ်ဂူများ ကော့ဂွန်းဂူ (ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ဂွန်းကျေးရွာအနီး) ကျီးပါးစပ်ဂူ (ကျိုက်ထီးရိုးရင်ပြင်တော် မြောက်ဘက်) ဆဒ္ဒန်ဂူ (ကရင်ပြည်နယ်) ထမ်းဆမ်းလိုဏ်ဂူ (ရှမ်းပြည်နယ်၊ ဟိုပုံးမြို့) ပင်းတယဂူ (ပင်းတယမြို့) ခေါက်ခေါင်လိုဏ်ဂူ (ပင်းတယမြို့၏ မြောက်ဘက်) ပိတ်ချင်းမြောင်လိုဏ်ဂူ (မဟာနန္ဒမူလိုဏ်ဂူတော်) ဘုရင့်ညီဂူ (ကရင်ပြည်နယ်) ရသေ့ပျံဂူ (ကရင်ပြည်နယ်) ဓာတ်တော်လိုဏ်ဂူ (ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာအနီး) စိတ္တဂုတ္တလိုဏ်ဂူ (မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် ခရိုင် မြင်စိုင်းမြို့ဟောင်းအနီး) သူရဲဥမင်လိုဏ်ဂူ (ကလောမြို့မှ ၁၁ မိုင်၊ အောင်ပန်း - ပင်းတယလမ်းမကြီး) တောင်ခေါင်းကြီးလိုဏ်ဂူ ၊ တောင်ခေါင်းရှည်လိုဏ်ဂူ (ရခိုင်ပြည်နယ်၊ မောင်တောခရိုင်) မြစ်နီလိုဏ်ဂူ (ကယားပြည်နယ် ဘော်လခဲမြို့နယ်ရှိ) ဖိုးအင်သဘာဝကျောက်လှိုဏ်ဂူ (မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ဖိုးအင်ကျေးရွာအနီး) ဗဒလင်းဂူ (ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်)