တရုတ်တွေဖျောက်ထား တဲ့ တရုတ်မြန်မာ စစ်ပွဲကြီး(၁၇၆၅-၁၇၆၉)
တရုတ်တွေဖျောက်ထား တဲ့ တရုတ်မြန်မာ စစ်ပွဲကြီး(၁၇၆၅-၁၇၆၉)
ရှည်လျား ကျယ်ပြောသော နယ်နိမိတ် ထိ စပ်မှု သည် မြန်မာပြည်နှင့် တရုတ်ပြည် အကြား နှစ်ပရိစေဒ ကြာမြင့်စွာ ပြဿ နာ အလျည်း မရှိပဲ ခွဲခြား တည်ရှိခဲ့ပါသည်။မင် မင်းဆက် (၁၃၈၀-၁၃၈၈ အေဒီ) လက်ထက် တွင် တရုတ် တို့သည် ယူနန် နယ်အား ၄င်း တို့၏ နယ် နိမိတ် အဖြစ် ပိုင်ပိုင်နိုင်နိုင် သွမ်းသွင်းနိုင်ခဲ့သည်။ တောင်ငူခေတ် ၁၅၅၇ ခုနှစ်တွင် ဘုရင့်နောင် မင်းတရားကြီး သည် ရှမ်းကျိုင်းရုံးကြီး နယ်(ယနေ့ခေတ် ကချင်/ရှမ်း/ကယားနယ်) များအား သိမ်း ပိုက်အောင်နိုင် ခဲ့ပါသည်။
သို့သော်ငြားလည်းဒေသခံစော်ဘွားများ သည် နယ်ချင်း ထိစပ်နေသော တရုတ်ယူနန် ဘုရင် ခံနှင့် မြန်မာ နေပြည်တော် ထံသို့ နှစ်ဘက် စလုံးအား အခွန် အတုပ် များပေးဆောင်ကာ ၄င်းတို့၏ ပဒေသရာဇ် အုပ်ချုပ်မှု အားဆက်လက် တည်တံ့အောင်ကြီုးစားခဲ့ကြသည်။နယ်စပ် အခြေအနေ များသည် ချင် မင်းဆက် (၁၇၃၀) လက်ထက် သို့ရောက်ရှိ လာချိန်တွင် ပြောင်း လဲ လာ ခဲ့သည်။ ရှမ်းနယ်များ အပေါ် တရုတ် တို့၏ စိတ်၀င်စားမှု သည် ပိုမိုကာ ထက်သန် လာခဲ့သည်။
၁၇၃၂ တွင် ယူနန် ဘုရင်ခံ သည် ရှမ်းစော်ဘွား များ အပေါ် အခွန်အတုပ်အား ရုတ်တရက် ၂ဆ တိုးကာ ကောက် ခံ လိုက်သည်။ ရှမ်းစော်ဘွား များ က ထို အချက်ကို လက်မခံနိုင် ပဲ မြန်မာ မင်းထံ တင်ပြ ခဲ့ရာ မြန်မာ ဘုရင် ၏ တပ်များကောင်းတုံ မြို့တွင် ရှမ်းစော်ဘွား တပ်များနှင့် ပူးပေါင်းကာ ခံမြို့ တည်ဆောက် ခဲ့ရာ ကွင် မင်းဆက်နှင့် အခြေအနေများ စတင် တင်းမာခဲ့သည်။
ပထမ ကျူးကျော်စစ် (၁၇၆၅-၁၇၆၆)
................................................
၁၇၆၅ နှစ်ဦးပိုင်း တွင် ယိုးဒယား သို့ချီတက် တိုက်ခိုက်ရန် အတွက် ကောင်းတုံ တပ်မှုး ဗိုလ်ချုပ်နေမျိုး သီဟ ပိုက် ၏ တပ်၂၀၀၀၀ သည်မြို့ အားခေတ္တ စွန့်ခွာခဲ့သည်။ ထို အချိန်ကို အခွင့် ကောင်းယူကာ ယူနန် ဘုရင်ခံ လျူ သည် နယ်စပ် တွင် ကုန်သည် အချင်းချင်းဖြစ်ပွားသော အချင်းများ မှု ကို ခုတုံး လုပ်ကာ ၁၇၆၅ ဒီဇင်ဘာ တွင် မြန်မာ့ ပိုင်နက် အတွင်း စတင် ကျူးကျော် ခဲ့သည်။
၃၅၀၀၀ ခန့် အင်အား ရှိ ပီကင်းနေပြည်တော် မှ အစိမ်းရောင် ကိုယ်ကြပ် တပ်ဖွဲ့နှင့် ယူနန် ထိုင်း တပ်ဖွဲ့ များသည်. ကောင်းတုံ မြို့ အား လွယ်လင့် တကူ သိမ်းပိုက်နိုင်ခဲ့သော်လည်း တလ အကြာ တွင် နေပြည် တော် မှ ဗိုလ်ချုပ် နေမျိုးစည်သူ ၏ တပ်များမှ လာရောက် တိုက်ခိုက်ရာ တရုတ် တို့သည် မခံနိုင်တော့ ပဲ ဆုတ်ခွာ ခဲ့ရာ နေမျိုးစည်သူ သည် ယူနန် နယ် ပျူ အာ လွင်ပြင် အထိ တရုတ်တို့အား လိုက်လံ တိုက်ခိုက်ခဲ့သည်။
ပထမ စစ်ပွဲတွင် တရုတ်စစ် သည် ၃၀၀၀၀ ခန့် မြန်မာတို့၏ လက်ချက် အစာရေစာပြတ်လပ်မှုနှင့်ရောဂါ ဘယ တို့ကြောင့်ကျ ဆုံးခဲ့ရသည်။ ယူနန် ဘုရင်ခံ လျူ သည် စစ်ပွဲ ၏ ရှုံးနိမ့်မှုကြောင့် မိမိကိုယ် မိမိ လည်ချောင်း ကိုဖြတ်ကာ အဆုံးစီရင်ခဲ့သည်။အဆိုပါ ရှုံးနိမ့် မှုကြောင့် ကွင် မင်းကြီးသည် အပြင်း အထန်ဒေါသပုန် ထခဲ့ပြီး ဇီကျန်းနှင့် ဂွမ်ဇိုး နယ်များ ၏ အားအောင်နိုင်ခဲ့သော နာမည်ကျော် စစ်သူကြီး ရန်ရင်ဂျူး အား ပြည်သိမ်း တပ်ဖွဲ့ ၏ စတိသေနာပတိအဖြစ်ခန့်အပ်ခဲ့သည်။
ဒုတိယ ကျူးကျော်စစ် ( ၁၇၆၆-၁၇၆၇)
................................................
၁၇၆၆ နွေဦး တွင် ပြည်သိမ်း တပ်ဖွဲ့ အား စစ်သူကြီးရန် က စတင်ကွပ်ကဲမှု ယူခဲ့သည်။ ရန်သည် ကောင်းတုံ အားကျော်လွှား ကာ အထက် ဗမာပြည် အား တိုက်ရိုက် ထိုးစစ်ဆင်ရန် အစီအစဉ် ရေးဆွဲ ခဲ့သည်။ အဆုံး စွန်သော ရည်မှန်းချက် မှာမြန်မာပြည် တပြည်လုံးအား ကွင်နိုင်ငံတော် အတွင်းသို့သွတ် သွင်းရေး ပင်ဖြစ်သည်။ရန်သည် ဗန်းမော်မြို့ ကို တိုက်ခိုက်ခြေကုတ် ယူ ပြီး အင်း၀ ကို တိုက်ရိုက် ချီတက်ရန်ဖြစ် သည်။ မြန်မာတို့ သည် တရုတ် တို့၏ စီမံချက် ကို ကြို တင် ရိပ်စားမိခဲ့ပြီး ဧရာ၀တီမြစ်ကြောင်း တလျောက် ခံစစ် အစီအစဉ် များကောင်းစွာပြင် ဆင် ထားခဲ့သည်။
စစ်သူကြီး မဟာသီဟသူရ သည် ဗန်းမော်မြို့ အား လက်လွှတ်ရန် အမိန့်ပေး ခဲ့ပြီး ဗန်းမော်မြို့ တောင်ဘက် မိုင် အနည်းငယ် သာဝေးသော ကောင်းတုံမြို့တွင် စစ်သည် အင်အား ၂၅၀၀၀ ပြင်သစ် လူမျိုး အမြောက် တပ် ဖွဲ့ များနှင့် ခံစစ် ကို ခိုင်မာအောင်ပြင်ဆင် ထားခဲ့ သည်.ထို့အတူ ယူနန်နယ်ခြား ကန်ဟောင်းမြို့ မှ မဟာသီဟ သူရ အားလည်း တောင်ဘက်ခြမ်းမှ ပတ်ကာ ဗန်းမော် သို့ချီတက်စေသည်။
(ဗန်းမော်-ကောင်းတုံထောင်ချောက်)
ချင် စစ်သည် တို့သည် ၁၇၆၆ ဒီဇင်ဘာ တွင် ဗန်းမော် အား အခုအခံ မရှိ သိမ်းပိုက် ခဲ့ပြီး ထောက်ပံ့ရေး စခန်း အဖြစ်အခြေချ ခဲ့သည်။ ကောင်းတုံ အား ဆက်လက် တိုက်ခိုက်ခဲ့သော် လည်း ဗလမင်းထင် ၏ ခုခံ မှုကြောင့်တရုတ် တို့ အကျအဆုံးများခဲ့သည်။ဒီဇင်ဘာ လကုန် တွင် မဟာသီဟ သူရ ၏ တပ်များတောင်ဘက် ရှမ်းတောင်တန်းများ ဆီမှ ဆင်းသက်လာ သဖြင့် တရုတ် ၄၅၀၀၀ ခန့် မှ ဗန်းမော်မြို့ အတွင်း ပိတ်မိတော့သည်။ တရုတ် တို့ အင်အား စိတ်ဓာတ်ပိုင်း ကျဆင်း လာချိန်တွင်မြန်မာတို့သည် ထိုးစစ်ကြီး ဆင်နွဲတော့သည်။
စစ်မျက်နှာနှစ်ဖက် ရင်ဆိုင် ရသော တရုတ် တို့သည် မခံနိုင်တော့ပဲ အရှေ့မြောက်ဘက် ယူနန်နယ် အတွင်း သို့ ဧရာ၀တီမြစ်ရိုး အတိုင်း ဆုတ်ခွာ ရာ မြစ်၏ အရှေ့မှ ဗလမင်းထင် ၏ တပ်ဖွဲ့များ အနောက် ဘက် မှ မဟာသီဟသူရ ၏ တပ်ဖွဲ့များမှ ထက်ကြပ် လိုက်လံ စစ်ဆင်ချေမှုန်းခဲ့ရာ ယူနန်နယ် အတွင်းရှိ တရုတ် ပိုင် မြို့ ၇မြို့ အား ဆက်လက် သိမ်းပိုက် ရရှိခဲ့သည်။အောင်နိုင်သူမြန်မာ တပ်များ သည် အမြောက် လက်နက်ရွှေငွေ များအား တရုတ်မြို့ များမှ သိမ်းဟူ ကာမေလ တွင် အင်းဝနေပြည်တော်သို့ပြန်လည်ရောက်ရှိခဲ့သည်။ တရုတ် ဧကရာဇ် ချင်းလုံ သည် စစ်သူကြီး ရန် အား မိမိကိုယ် မိမိ အဆုံးစီရင်ရန် အမိန့် ချမှတ်ခဲ့ သည်။
တတိယ ကျူးကျော်စစ် (၁၇၆၇-၁၇၆၈)
.................................................
စစ်ပွဲ ၂ ကြိမ် ရှုံးနိမ့်ပြီးနောက် တရုတ် ဧကရာဇ် သည်မြန်မာ တို့အား နိုင်ငံငယ် ဟူပြီး အထင်မသေး ဝံ့ တော့ချေ။ ၁၇၆၇ တွင် မန်ချူး နာမည်ကျော် စစ်သူကြီး မင်းယွေ့ အား စစ်သေနာပတိ ခန့် အပ်ခဲ့သည်။ မင်းယွေ့သည် ဧကရာဇ် ၏ သမက်တော် လည်းဖြစ်သည်။မင်းယွေ့ သည် မိုးကုန်ပိုင်း တွင် စစ်ကြောင်း ၂ကြောင်း ခွဲကာ ထိုးစစ် ဆင်ရန် စီစဉ် ခဲ့သည်။ ပင်မ စစ်ကြောင်း ကို ၄င်းကိုယ်တိုင် ဦးစီးကာ နမ္မတူချောင်း အတိုင်းလာရှိုး ကို သိမ်းပိုက်ရန်နှင့် ဗိုလ်ချုပ် အီတန်ဂီ ဦးစီး သည့် ဒုတိယစစ်ကြောင်း သည် ဗန်းမော် လမ်းကြောင်း အတိုင်း ချီတက် ရန်ဖြစ်သည်။
စစ်ဆင်ရေးရည်မှန်းချက် မှာ အင်းဝြမို့တော် အား အရှေ့ အနောက်နှစ်ဖက် ညှပ်ရန်ဖြစ်သည်။ မြန်မာ တို့ သည် အီတန်ဂီ ၏ ဒုတိယစစ်ကြောင်းအားကောင်းတုံ မှနေမျိုးစည်သူ ဦးစီးထိန်းချုပ်ပြီး ဗလမင်းထင်နှင့် မဟာသီဟသူရ တို့၏ တပ်များ က အရှေ့မြောက်ဘက် တွင် ပင်မ စစ်ကြောင်းအား ထိန်းချုပ်ရန်ဖြစ်သည်။၁၇၆၇ နို၀င်ဘာ တွင် မင်းယွေ့၏ တပ်များ သည် ဗန်းမော်ကို သိမ်းပိုက်ပီး ကောင်းတုံတောင်ဘက် ဟန်စင် အား ရိက္ခာထောက် စခန်းအဖြစ် စစ်သည် ၅၀၀၀ နှင့် အစောင့် ချထားခဲ့သည်။ စစ်သည် ၁၅၀၀၀၀ ဖြင့် အင်း၀ သို့ဆက်လက် ချီတက်ခဲ့သည်။
ဒီဇင်ဘာနှောင်းပိုင်းတွင် ဂုတ်ထိပ် တွင် နေမျိုးစည်သူ တပ်များနှင့် ရင်ဆိုင် ခဲ့ရာ သီဟစည်သူ တပ်များ ဆုတ် ခွာပေးခဲ့ ရသည်။ ထိုအချိန် တွင် မဟာ သီဟသူရ ၏ တပ်များသည် ဟတ်စင် အားနောက်ပိုင်းမှ ၀င်ရောက် တိုက်ခိုက်ပြီးရန်သူ့ ရိက္ခာထောက်လမ်း အားဖြတ်တောက် ခဲ့သည်။မင်းယွေ့ တပ်များ သည် ဆုတ်ခွာသွားသောနေမျိုးစစ်သူ ၏ တပ်များနောက်သို့တောက်လျောက် လိုက် ခဲ့ရာ ၁၇၆၈ နှစ်ဦးတွင် အင်း ဝြမို့ မြောက်ဘက် မိုင် ၃၀ အကွာ စဉ့် ကူးမြို့ သို့ ရောက်ရှိ လာခဲ့သည်။ သို့သော် လည်း တောင်ဘက် မှ အီတန်ဂီ ၏ တပ်များက်ို မဟာသီဟသူရ မှ ထိန်းချုပ်နိုင်ခဲ့ သဖြင့် တပ်မနှစ်ဖက် မှာ ဟန်ချက်ပျက် သွားခဲ့သည်။
အင်း၀ ခံစစ် တွင် ဆင်ဖြူရှင် မင်း ကိုယ်တိုင် ဦးစီးပြီး စဉ့်ကူ ရှိ တရုတ်တို့ကို တန်ပြန် ထိုးစစ်ဆင်နွဲရန် ညီတော်မင်းသားများနှင့် တိုက်ပွဲ၀င်ခဲ့သည်။တရုတ်တို့ ၏ ရှည်လျား လှသော ထောက်ပံ့ရေး လမ်းကြောင်း အား ဗိုလ်မှူး တိမ်ကြားမင်းခေါင် ၏ ပြောက် ကျား တပ်ဖွဲ့ များ က အဆက်မပြတ်ဖြတ်တောက် တိုက်ခိုက်ကြ သဖြင့် တရုတ်တို့မှာ ရိက္ခာ ခဲယမ်း များစွာ အခက် အခဲတွေ့လာခဲ့သည်။
မင်းယွေ့ ၏ အခြေအနေ သည် ခံစစ်သို့ ကူးပြောင်း လာခဲ့သည် တောင်ဘက် မှ အီတန်ဂီ ၏ ဒုတိယ စစ်ကြောင်း သည် လည်း ကောင်းတုံ မှ အကျ အဆုံးများ စွာ ဖြင့် ဆုတ်ခွာ ခဲ့ရ သဖြင့် မင်ယွေ့သည် ဆုတ် ခွာ ရန်ပြင်ဆင်ခဲ့ပြီး ၁၇၆၈ နှစ်ဦး တွင် ဆုတ်ခွာခဲ့ပြီး မင်ယွေ့သည် ဟန်ဆင် ရောက်သည် တွင် အဆုံးစီရင် ခဲ့သည်။ ထောင်ပါင်း များစွာသော တရုတ် ဧကရာဇ် ၏ နာမည်ကျော် အလံကိုင် တပ်ဖွဲ့ (Bannerman) ၀င် များသည် ရှမ်းတောင်တန်း တကြော တွင် မြန်မာ တို့၏ တိုက်ခိုက်မှု ရောဂါဘယ တို့ကြောင့် သေဆုံး ခဲ့ရသည်။
စတုထ္တ ကျူးကျော်စစ် (၁၇၆၉)
.......................................
ကွင်လောင် ဧကရာဇ် သည် ၄င်း ၏ ဝါရင့် စစ်သူကြီး ဖူဟောင်း အား အလံကိုင် တပ်ဖွဲ့၀င် ၆၀၀၀၀ အား ကွပ် ကဲရန် တာ၀န်ပေးအပ် ခဲ့သည်။ ဖူဟောင်းသည် တပ်တော် ၃ခုဖြင့် စစ်မျက်နှာ ၃ခု မှ တိုက်ခိုက်ရန် စီမံ ခဲ့သည်။စစ်ကြောင်း ၁ခု သည် ဗန်းမော်နှင့်ကောင်းတုံ အား တိုက်ခိုက်ရန်။ အခြား တပ်တော် ၂ခု သည် ဗန်းမော်နှင့် ကောင်း တုံ အားရှောင်ကွင်း ကာ ဧရာ၀တီ မြစ်ကမ်း တစ်ဖက် တစ်ချက် မှ မြစ်ရိုး အတိုင်း အင်း၀ သို့စုန်ဆင်း တိုက်ခိုက်ရန်။ မြစ် အတွင်းမှ တပ်တော်အား အထောက် အကူပြုရန် ဖူဂျီရန်ရေတပ်ဖွဲ့ မှ စစ်လှေ ရာပေါင်းများစွာ ပါ၀င်ပါသည်။
မြန်မာ တို့သည် မဟာသီဟသူရ အား စစ်သေနာပတိ အဖြစ်ခန့်အပ် ကာ ဗလမင်းထင် အားကောင်းတုံ တပ်မှူး အဖြစ် တာ၀န်ပေးအပ် ခဲ့သည်။မြန်မာ တပ်ဖွဲ့ တွင် ပြင်သစ် စစ်ဗိုလ် ပီရီး ဒီမီလာ့ ၏ နာမည်ကျော် မာစကပ်တီးယားစစ်သည် များ သည် ဗလမင်းထင် ၏ လက်အောက်တွင် ပါ၀င်ခဲ့သည်။မဟာသီဟသူရ သည် ဘုရင့် ရေတပ်နှင့် အတူ အောက်တိုဘာ လဆန်း တွင် ဗန်းမော် သို့ချီတက် ခဲ့သည်။ ဖူဟောင်း သည် မိုးမကုန်မီ ပင် အလောင်းအစား ဆန်စွာဖြင့် ထိုးစစ်ကို စတင်ခဲ့ပြီး အစီအစဉ် အတိုင်း ဗန်းမော် ကောင်းတုံမြို့ များအား သိမ်းပိုက်ရန်ချီတက် ခဲ့သည်။
သို့သော်လည်း တရုတ်တပ်များ အား ဗလမင်းထင် မှ ကောင်းတုံတွင် ထိန်းချုပ်နိုင်ခဲ့ ယုံမျှ မက မြစ်ကြောင်း အတိုင်း ချီတက် လာသော တရုတ် စစ်ကြောင်းများ သည် မြန်မာရေတပ် ကြည်းတပ် တို့၏ နှစ်ဖက်ညှပ် ထိုး စစ်များကြောင့် အကျ အဆုံး အလွန်တရာ များပြားခဲ့ပါ သည်။ရွှေညောင်ပင် ခံတပ်အား သိမ်းပိုက်နိုင်ခဲ့သော် လည်း ကောင်းတုံ နှင့် ဗန်းမော် မဟာသီရသူရ တပ်များက တရုတ် တို့အား လုံး၀ နီးပါး ဝိုင်းပတ် ပိတ်ဆို့ခဲ့ပြီး နို၀င်ဘာလ အတွင်း တွင် ရွှေညောင်ပင် အားပြန် လည် သိမ်းပိုက် ခဲ့သည်။ ထိုအချိန် တွင် တရုတ် တပ်များသည် ဗန်းမော် ကောင်းတုံ ရွှေညောင်ပင် စက်ဝိုင်း အတွင်း လုံး၀ ပိတ်ဆို့ ခံလိုက်ရတော့သည်။
တရုတ် စစ်သည် ၂၀၀၀၀ ကျော် ကျဆုံးခြဲ့ပြီး ပိတ်ဆို့ခံရသော အချိန်တွင် မဟာသီဟသူရ သည် ဖူဟောင်း ထံအောက်ပါ အတိုင်း သ၀ဏ်လွှာ ပို့လိုက်သည်……” အဆွေတော် စစ်သူကြီး ယခု ငါ သင်တို့ကို ဝိုင်းထား သည် ယခု အခြေအနေ မှာ ငါတို့နိုင်သည် သို့သော် ယခု သင် ၏ တပ်ရှုံး ရင် နောက်တတပ် သင်တို့ထပ်လာမည် နောက် တတပ် ပြီးနောက် တတပ် ထပ်လာ မည်သို့ဖြစ်ကား ပြည်သူ တို့ ကား နားနေရမည် မဟုတ် ငါတို့နှစ်ဖက်ပြည်သူ အကျိုးရည် ကာ စစ်ပြေငြိမ်း ရအောင် ” ဟု ဆိုလေ သည်။
၁.. တရုတ်ပြည် အတွင်း ခိုလှုံနေသောမြန်မာမင်းအား ပုန်စားသူ စော်ဘွားများ သူပုန်များ အားလုံး လက်နက်စွန့်ရမည်။
၂.. တရုတ်တို့အနေဖြင့်မြန်မာ ပိုင် ရှမ်းဒေသ အား ထိပါးခြင်း မရှိစေရ မြန်မာ တို့၏ အချုပ်အခြာ ပိုင်နက် ကိုလေးစားရမည်။
၃… နှစ်ဘက် စစ်သုံ့ပန်း များပြန်လွှတ် ရမည်။
၄.. နှစ် ဖက် မင်းများ မဟာမိတ် အဖြစ် ချစ်ကြည်စွာ ဆက်ဆံကာ အပြန်အလှန် သံတဲ များ ထားရှိရမည်။
ထိုသို့ဖြင့် တရုတ်မြန်မာ စစ်ပွဲကြီးပြီးဆုံး ခဲ့ပါသည်။
Comments
Post a Comment