ရန်ကုန်မြို့မှ ပုဇွန်တောင်မြစ်
တာမွေမြစ်သည် ပုဇွန်တောင်မြစ်၏
မြစ်လက်တက် တစ်ခုဖြစ်ပြီး
ကန်တော်ကြီးအနီး
နတ်မောက်လမ်းထိပ်မှ မြစ်ဖျားခံကာ
ယုဇနပလာဇာဘက်သို ့ကွေ့ဝိုက်စီးဆင်းခဲ့သည်။
လမ်းတွင် အောင်မင်္ဂလာ၊ သီတာ
ကျောက်မြောင်း ရပ်ကွက်များကို
ဖြတ်သန်းစီးဆင်းခဲ့ပြီး
တာမွေစျေးအနီးတွင်
သမိန်ဗရမ်းမြစ် နှင့် ပေါင်းဆုံကာ
ပုဇွန်တောင်မြစ် အတွင်းသို ့စီးဝင်ခဲ့လေသည်။
တာမွေမြစ်သည်
ကျောက်မြောင်း၊ သီတာ ၊အောင်မင်္ဂလာ
အစရှိသော ဆိပ်ကမ်းများအတွက်
ကုန်တင်ကုန်ချ လုပ်ငန်းများပြုလုပ်ရာတွင်
အဓိက အားထားရသော
မြစ်တစ်ခုဖြစ်သော်လည်း
နွေရာသီကာလများတွင်
ရေခမ်းခြောက်သွားလေ့ရှိသည်။
Comments
Post a Comment