ကျောက်တန်းရေလယ်ဘုရား (ကျိုက်မှော်ဝန်းရေလယ်စေတီတော်)
ကျောက်တန်းရေလယ်ဘုရား (ကျိုက်မှော်ဝန်းရေလယ်စေတီတော်) သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တွင် တည်ရှိသည်။ ရန်ကုန်မြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော မှော်ဝန်းမြစ်တွင်းရှိ ကျွန်းငယ်တစ်ခုပေါ်တွင် တည်ရှိသည့် မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များကို ဌာပနာသွင်း၍ တည်ထားသော ဘုရားဖြစ်သည်။
ရန်ကုန်မြို့၏ တောင်ဖက် ကီလိုမီတာ ၂၀ ခန့်အကွာတွင် တည်ရှိပြီး သုံးရာစုနှစ်တွင် ဘုရင်ဗောဂဇနက တည်ထားခဲ့ခြင်းဖြစ်သည်။ဘုရားတွင် အံ့ဩဖွယ် ဆေးပန်းချီလက်ရာများ၊ ပန်းပုများစွာ ရှိပြီး မြန်မာလူမျိုးများ၏ ဗုဒ္ဓဘာသာ လက်မှုပညာများကို ပြသနေခြင်းဖြစ်သည်။
သာသနာနှစ် (၂၁၅) ခုနှစ်တွင် ပါဒနိုင်ငံတော်ကြီးကို စတင်တည်ထောင် နန်းတည်စိုးစံခဲ့သော ဘောဂသေနမင်းသည် ဆရာရသေ့ ပေးအပ်လာသော ဘုရားရှင်၏ ဆံတော်နှင့် ဓာတ်တော်များကို ဌာပနာ၍ သာသနာသက္ကရာဇ် (၂၃၈) ခုနှစ်၌ ဆရာ ရသေ့ ညွှန်ပြရွေးချယ်ပေးသော ကျောက်ခုံပေါ်၌ ဉာဏ်တော် (၇) တောင်ရှိသော ကျိုကမျှော်ကဋော့ စေတီတော်ကို စတင်တည်ခဲ့ပါသည်။ ဘောဂသေနမင်းမှ (၁၀) ဆက်မြောက်ဖြစ်သော တွတ္တနာဂမင်းကြီး လက်ထက်တွင် သီဟိုဠ်ဘုရင်ထံမှ လက်ဆောင် ပဏ္ဏာအဖြစ် ရရှိခဲ့သော ဆံတော် (၁) ဆူ၊ ဓာတ်တော် (၂၇) ဆူကို ရွှေကြုတ်၊ ငွေကြုတ်တွင် ထည့်ပြီး သီရိလင်္ကာမှ ကြွရောက်လာသော ရဟန္တာအရှင်သူမြတ် (၈) ပါး မိန့်ကြားချက်နှင့်အညီ မူလကျိုက်မျှော်ကဋော့စေတီတော်တွင် ဌာပနာ၍ အဓိဌာန် (၃) ချက်ပြုကာ ပြုပြင်တည်ဆောက်ခဲ့ပါသည်။
Comments
Post a Comment